Where are they now?
သူတို့ဘယ်မှာလဲ?
=========

လွန်ခဲ့တဲ့ ၅ နစ်ခန့်က အာရှ ယူ ၁၉ ပြိုင်ပွဲမှာ မြန်မာအသင်းက ဆီမီးဖိုင်နယ်ထိ ထိုက်ထိုက်တန်တန်ရောက်ရှိခဲ့ပါတယ်။
ဆီမီးဖိုင်နယ်မှာ အဆိုပါပြိုင်ပွဲ ချံပီယံ Qatar အသင်းကို မိနစ် ၉၀ အတွင်း သရေ ကျအောင် ကစားနိင်ခဲ့ပြီးတော့
အချိန်ပိုမှာ တစ်ဂိုးပေးပြိးရှုံးနိမ့်ခဲ့၇တာဖြစ်ပါတယ်။ ဒီအသင်းက ဆီမီးဖိုင်နယ်ထိတက်ခဲ့လို့ U20 World Cup လဲ ကစားခွင့်ရခဲ့ပါတယ်။

Myanmar u19 2-3 Qatar U19 ပွဲစဉ်က အတော်လေးအကြိတ်အနယ်ရှိတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။
ဒီတော့ ဒီ ပွဲစဉ်မှာပါဝင်ကစားခဲ့တဲ့ ကစားသမားတွေ ဘယ်အသင်းတွေမှာရှိနေပြီးဘယ်သူက ဘယ်ထိခြေစွမ်းပြက လက်ရွေးစင်ပွဲတွေမှာကစားထားတယ်ဆိုတာကို
သေချာလေး လေ့လာကြည့်ရအောင်
( Myanmar ကစားသမားတွေကို wiki/ soccerway တို့ကနေရှာရတာဖြစ်လို့ update မဖြစ်တဲ့ Information တွေလဲပါလာနိင်လို့
အလွဲအချော်ရှိပါက ပြင်ဆင်ခွင့်လွှတ်ပေးကြပါ )

ဂိုးသမား – မျိုးမင်းလတ်
လက်ရှိ ရှမ်းယူနိက်တက်မှာဖြစ်ပြီးတော့ နိင်ငံလက်ရွေးစင်အသင်းမှာ မတွေ့ရတော့ပါဘူး။

ဘယ်နောက်ခံလူ — Nanda Kyaw
လက်ရှိ ရှမ်းယူနိက်တက်မှာဖြစ်ပြီးတော့ ခြေစွမ်းမဆိုးပေမဲ့ တခါတလေမှသာ လက်ရွေးစင်အသင်းမှာတွေ့ရပါတယ်။
သူ့ကစားတဲ့ဟန်က မြန်မာအသင်းတွေမှာတွေ့ရခဲတဲ့ left back ပုံစံမျိုးဖြစ်လို့မျှော်လင့်ခဲ့ပေမဲ့ တိုးတက်လာခြင်းမရှိပါဘူး။

နောက်ခံလူ -ထိုက်ထိုက်အောင်
လက်ရှိ ရှမ်းယူနိက်တက်မှာပဲဖြစ်ပြီးတော့ ခြေစွမ်းကောင်းမဆိုးပါဘူး။ တိုးတက်မှုနှေးတာကြောင့် ပြည်ဖြိုးဇော်တောင် သူ့ကိုကျော်တက်ပြီး
လက်ရွေးစင်အသင်းမှာနေရာရနေပါတယ်။

နောက်ခံလူ – သီဟထက်အောင်
မြန်မာနိင်ငံမှာ Center Back ကစားနိင်တဲ့သူ ရှားပါတယ်။ တကယ်ကောင်းတဲ့သူရှားပါတယ်။
ဇွဲကပင်က သီဟထက်အောင်က လက်ရှိ ကစားနေတဲ့ နောက်ခံလူအားလုံးထက် အရည်အချင်းပိုသာတဲ့သူပါ။
ဇော်မင်းထွန်းကောင်းတယ်ဆိုတာ သီဟထက်အောင် ခြေစွမ်းပြနေတုနု်းကကို မမီပါဘူး။
စိတ်မကောင်းစရာက ကစားသမားက စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေအရမ်းများနေပါတယ်။
အနားယူလိုက်ပြသနာဖြစ်လိုက် ဦးဇော်ဇော်ကိုယ်တိုင်ပြန်ခေါ်ရလိုက်နဲ့ ပါ။ခုလက်ရှိလဲကစားခွင့်မရလို့ပြသနာတွေတက်နေတယ်ကြားပါတယ်။
နမြောစရာပါ။

ကွင်းလယ်ကစားသမား – ကျော်မင်းဦး

U20 အုပ်စုက ထူးထူးခြားခြား မြန်မာမှာမြန်ရခဲတဲ့ ကစားသမားတွေထွက်ခဲ့တာပါ။
ကျော်မင်းဦးလို ကွင်းလယ်အဖျက်ကစားသမားက ရှားပါတယ်။် တကယ်လဲ ဘောလုံးကိုကစားတက် ဆွဲပြေးတတ် ဖျက်ထုတ်တတ်ပြီး
ဥိးနောက်နဲ့ကစားတဲ့သူမျိုးပါ။ လက်ရှိ ကွင်းလယ်အဖျက်တွေက အတင်းကြီး ဝင်အတင်းထွက်နဲ့ခပ်ကြမ်းကြမ်းဆော့တတ်တဲ့သူတွေကိုထားတာများပါတယ်။
ကျော်မင်းဦးလိုသူကတော့ မြင်ရခဲပါတယ်။ သူကလဲ ရန်ကုန်မှာကစားနေပြီးတော့ ဒဏ်ရာတွေနဲ့ရုန်းကန်နေရပါတယ်။

ကွင်းလယ်တိုက်စစ် – ငြိမ်းချမ်းအောင်
အောင်သူပြီးရင် အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ( u19) ငြိမ်းချမ်းအောင်ကတော့ World Cup တည်းက ဒဏ်ရာရလိုက်သက်သာလိုက်နဲ့
အရှိန်ရဖို့ကိုမရှိသေးပါဘူး။ သူလဲ ရန်ကုန်ယူနိက်တက်မှာပါပဲ။
လက်ရွေးစင်မှာ မမြင်ရတာအတော်ကြာပါပြီ။

ကွင်းလယ် – ရန်နိင်ဦး
သူက ဘယ်နေရာကောင်းလဲဆိုပြီး ပြောလို့မရပေမဲ့ နေရာစုံလိုက်ကစားပေးနိင်သူပါ။
လူပေးတတ်တယ် ဘောလုံးအမြင်ရှိတယ်။ လိုက်ကစားပေးပါတယ်။ ဒါပေမဲ့တိုးတက်သင့်သလောက်မတိုးတက်လို့ လက်ရွှေးစင်ပွဲတွေမှာ
ပါပေမဲ့ ခြေစွမ်းပြနိင်ချင်းတော့မရှိတော့ပါဘူး World Cup အဖွင့်ဂိုးရှင်က ခု ရှမ်းယူနိက်တက်မှာပါပဲ။

ကွင်းလယ် – မျိုးကိုထွန်း

ဘောလုံးနိင်တယ်။ သန်တယ် မြန်တယ်။ အကွက်မြင်တယ် ဒီလိုကစားသမားက ရှားပါတယ်။
နေရာစုံလဲလိုက်ဆော့နိင်ပါတယ်။လက်ရှိ ရတနာပုံမှာဖြစ်ပါတယ်။ အရင်တုန်းကတော့ လက်ရွေးစင်မှာ ခဏခဏမြင်တွေ့ရပြီးတော့
ခုတော့ တဖြည်းဖြည်း ပျောက်လာပါတယ်။ ပင်ကိုယ်ပါရမီကောင်းလို့သေချာ နည်းပြ ပေးရင်တိုးတက်လာနိင်ချေအများကြီးရှိပါသေးတယ်။

ကွင်းလယ်တိုက်စစ် – မောင်မောင်စိုး
မြန်မာ ယူ၁၉ အသင်းမှာ အားအနည်းဆုံးလို့ပြောလို့ရတဲ့မောင်မောင်စိုးကိုလဲ လက်ရွေးစင်မှာမမြင်ရတာအတော်ကြာပါပြီ။
လက်ရှိ ရတနာပုံမှာပါ။

တိုက်စစ် – သန်းပိုင်
World Cup ကိုပို့ပေးခဲ့တဲ့ သန်းပိုင်ကတော့ တဖြည်းဖြည်း ပျောက်လာပါပြီ။
ခြေစွမ်းကအဲ့လောက်မဟုတ်ပေမဲ့ အနိင်ဂိုးပိုင်ရှင်မို့ပရိသတ်ကချစ်ပါတယ်။
သူ့ကြိုးစားမှုကိုလဲ အားမရပါဘူး ရန်ကုန်မှာပါ နေရာပျောက်လာပြီးတော့ အရန်ခုံကနေပဲ ဝင်ကစားနေရပါတယ်။
ဂိုးသွင်းတာလေးတစ်ခုတောကောင်းပါတယ်။ ဒါပေမဲ့ တိုးတက်မှုက မရှိသလောက်ကိုဖြစ်နေလို့လက်ရွေးစင်မှာပြန်မြင်ရဖို့နည်းပါတယ်။

တိုက်စစ် – အောင်သူ
ပရိသတ်အချစ်တော်အောင်သူက အကောင်းဆုံးဖြစ်ခဲ့သလို အတိုးတက်ဆုံးလို့လဲပြောလို့ရပါတယ်။ လက်ရှိထိုင်းမှာ ခြေစွမ်းပြဖို့ရုန်းကန်နေရပေမဲ့
ပင်ကိုယ်ခြေစွမ်းကကောင်းနေတုန်းပဲဖြစ်သလို နိင်ငံပွဲစဉ်တွေမှာလဲ အမြဲ ခြေစွမ်းပြနိင်ပါတယ်။

ဒီကစားသမားတွေကိုကြည့်လိုက်ရင် ၃ ယောက်လောက်ကလွဲရင် ကျန် ၈ ယောက်လောက် အလွန်ကို ပင်ကိုယ်ပါရမီကော
ဘောလုံးအမြင်တွေကောပါထူူးချွန်ခဲ့ကြပါတယ်။ စည်းကမ်းပိုင်းဆိုင်ရာပြသနာတွေနဲ့တိုးတက်မှု မရှိတာတွေ
နည်းပြဆရာသမားများရဲ့ လမ်းညွှန်ပြသမှု အားနည်းတာ ( နားမထောင်တာ ) တွေ ကြောင့်ဖြစ်သင့်သလောက်မဖြစ်လာခဲ့ပါဘူး။။

Qatar အသင်းက မိနစ် ၉၀ အတွင်း မြန်မာကို ဂိုးသွင်းတဲ့ ကစားသမား ၂ ယောက်ရှိပါတယ်။
တစ်ယောက် က Almoez Ali ဖြစ်ပြီးတော့ နောက်တစ်ယောက်က Akram Afif ပါ။
နစ်ယောက်လုံး ပါရာဂွေးကို ၂ ဂိုးရှုံးနေရာကနေလိုက်ကစားတဲ့ပွဲမှာ ခြေစွမ်းအထူးပြပီးတော့ Ali က တစ်ဂိုးသွင်နးိင်ခဲ့ပါတယ်။

အဲ့နစ်ယောက်လုံးကလဲ အာရှဖလား ဖိုင်နယ်မှာ ဂျပန်အသင်းကို အနိင်ကစားပြီးတော့ ဖလား၇တဲ့ပွဲမှာ ဂိုးသွင်းခဲ့ပါသေးတယ်။

နောက်ခံလူ Tarek Salman ကလဲ အာရှဖလားဖိုင်နယ်မှာ ဂျပန်တိုက်စစ်ကို အကောင်းဆုံး ယှဉ်ကစားသွားပါသေးတယ်။

မြန်မာ U20 အသင်း ကစားသမားအများစုကလဲ ပါရမီကောင်းသူတွေမို့သေချာလေး ပြန် ညွှန်ပြပေးနိင်ရင်တိုးတက်ဖို့မျှော်လင့်လို့ရပါသေးတယ်။

မြန်မာ ယူ၂၀ အသင်း ဖြစ်သင့်သလောက် ဖြစ်မလာခဲ့တာက အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။

#မြက်ခင်းစိမ်းပေါ်မှ အတွေးစများ